ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး လက်ရှိအချိန်ထိ ရောဂါလက္ခဏာ မပြင်းထန်သေးကြောင်း သိရသည်။
၎င်းသည် ဒေါင်းနင်းလမ်း နေအိမ်တွင် သီးသန့်ခွဲနေမည် ဖြစ်သော်လည်း ဗြိတိန်အစိုးရ တာ၀န်များကို ဆက်လက် ထမ်းဆောင်နေမည် ဖြစ်သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါလက္ခဏာအနည်းငယ် ပြသပြီးနောက် စစ်ဆေးကြည့်ရာတွင် ဗိုင်းရပ်စ် ကူးစက်ခံနေရသည်ကို တွေ့ရှိခဲ့ကြောင်း ဘောရစ်ဂျွန်ဆင်က ပြောသည်။
မိမိအနေဖြင့် သီးခြားနေထိုင်မည် ဖြစ်သော်လည်း နိုင်ငံတွင် ဗိုင်းရပ်စ် တိုက်ဖျက်နေသည့် ကာလ၌ ရုပ်သံအစည်းအဝေးများ ပြုလုပ်ပြီး အစိုးရအဖွဲ့ကို ဆက်လက် ဦးဆောင်သွားမည်ဟု ဆိုသည်။
Over the last 24 hours I have developed mild symptoms and tested positive for coronavirus.
I am now self-isolating, but I will continue to lead the government’s response via video-conference as we fight this virus.
Together we will beat this. #StayHomeSaveLives pic.twitter.com/9Te6aFP0Ri
— Boris Johnson #StayHomeSaveLives (@BorisJohnson) March 27, 2020
၀န်ကြီးချုပ်အား မည်သည့်အချိန်တွင် စစ်ဆေးခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဗိုင်းရပ်စ် ကူးစက် ခံနေရကြောင်း သတင်း ထွက်ပေါ်လာချိန်တွင် ၎င်း၏၀န်ထမ်းများမှာ ၀န်ကြီးချုပ်ရုံး၌ အလုပ် လုပ်ကိုင်နေခဲ့ကြကြောင်း သိရသည်။
အသက် ၅၅ နှစ်အရွယ် ၀န်ကြီးချုပ် ဂျွန်ဆင်သည် ကြာသပတေးနေ့တွင် အသေးစားရောဂါလက္ခဏာများ တွေ့ရှိပြီးနောက် ဗြိတိန်ကျန်းမာရေး အရာရှိချုပ်၏ အကြံပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
Source: BBC