အမေရိကန် နိုင်ငံသား ၇၀ မီလီယံမှ ၁၅၀ မီလီယံအထိ Coronavirus ကူးစက်နိုင်ဖွယ်ရှိတယ်လို့ အမေရိကန်လွှတ်တော် အစည်းအဝေးရောက် အရာရှိတစ်ဦးက မတ်လ ၁၂ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါဟာ လူဦးရေ ၃၂၇ မီလီယံနေထိုင်တဲ့ အမေရိကန်အတွက် စိုးရိမ်ဖွယ်ရာပါ။

ဒီသတင်းဟာ လွှတ်တော်အမတ် Rashida Tlaib ထံမှ တဆင့် ပေါက်ကြားလာခြင်းဖြစ်ကာ ကောလဟာလ မဟုတ်ပါဘူး။ ” လွှတ်တော်အစည်းအဝေးမှာ ဆေးပညာရှင် တွေကိုယ်တိုင် ခန့်မှန်းကြတာပါ” လို့လည်း သူ ကဆိုပါတယ်။
ဒါ့အပြင် လွှတ်တော်အဖွဲ့ဝင် ဒေါက်တာ Brian Monahan ကိုယ်တိုင် ” အမေရိကန်အနေဖြင့်အဆိုးဆုံးကို မျှော်လင့်ပြင်ဆင်ထားဖို့လိုကြောင်း နဲ့ အရေးကြုံပါက အဆင်သင့်ရှိနေဖို့လိုကြောင်း” သတိပေးပြောကြားခဲ့ပါသေးတယ်။

အမေရိကန်ရဲ့ အဆိုးဆုံးကူးစက်နိုင်မှုဟာ လူဦးရေ ရဲ့ ၄၆ ရာနှုန်းသာရှိပြီး ဂျာမန်အကြီးအကဲ Angela Merkel က သူမနိုင်ငံမှာ လူဦးရေ ရဲ့ ၇၀ ရာနှုန်းလောက်ထိ ကူးစက်နိုင်ကြောင်း ခန့်မှန်းထားတာပါ။
ဒီသတင်းနဲ့ပတ်သတ်ပြီး Tlaib ကို သီးသန့်တွေ့ဆုံမေးမြန်းရာမှာတော့” ကျွန်တော်တို့ပေါ့လို့မရပါဘူး။ ယခုတွက်ချက်မှုရလဒ်ဟာ အခြေအမြစ်မရှိမဟုတ်ပါဘူး။ အသေအချာတွက်ချက်ထားတာပါလို့” သူကဆိုပါတယ်။
မတ်လ ၁၁ ရက်နေ့ နောက်ဆုံးအစီရင်ခံစာအရ လက်တလော အမေရိကန်နိုင်ငံသား ကူးစက်လူနာ ၈၀ ရာခိုင်နှုန်းဟာ စိုးရိမ်အခြေအနေမှာ မရှိပါဘူး။ သေဆုံးသူရာခိုင်နှုန်း က တစ်ရာခိုင်နှုန်းဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ပေါ့ဆခဲ့မယ်ဆိုရင် သေဆုံးသူရာခိုင်နှုန်း ဟာ လူ ၇ သိန်းကနေ ၁.၅ မီလီယံအထိ ဖြစ်သွားနိုင်ပါတယ်လို့လည်း ထည့်သွင်းပြောကြားပါတယ်။

၂၀၁၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အသည်းရောဂါကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း ၆သိန်းခွဲလောက်သေဆုံးခဲ့ကာ ဖျားနာခြင်းမှတဆင့် လူ ၆ သောင်းလောက်သေဆုံးခဲ့ပါတယ်။ ယနေ့ မတ်လ ၁၃ ရက်နေ့ နောက်ဆုံးသတင်းတွေအရ အမေရိကန် နိုင်ငံသား ၁၆၀၀ အထိကူးစက်ခံနေရပြီး သေဆုံးသူ အယောက် ၄၀ ရှိနေပြီဖြစ်ပါတယ်။ အများစုကတော့ နဂို အဆုတ်ဆိုင်ရာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှင်တွေြဖစ်ကာ အသက် ၆၀ မှ ၈၀ ကြားသက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် အီဘိုလာရောဂါပျံ့နှံ့ချိန်ကလည်း အမေရိကန်နိုင်ငံသား လူတစ်သန်းလောက်ကူစက်နိုင်တယ်လို့ခန့်မှန်းပေမယ့် ကာကွယ်မှုအားကောင်းခဲ့တဲ့အတွက် လူ ၃၀၀၀၀ သာ ကူးစက်ခံခဲ့ရပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source- CNA