အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံအုပ်ချုပ်ရေးရုံး (FAA) ကတော့ အိုမန်၊ အီရန်နဲ့ ပါရှားပင်လယ်ကွေ့တွေကို ဖြတ်ပြီး ပျံသန်းမယ့် အရပ်ဘက် လေကြောင်းလိုင်း အားလုံးကို တားမြစ်ကြောင်း အကြောင်းကြားစာ ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက်အစောပိုင်းမှာ အီရန်နိင်ငံအပေါ်ကဖြတ်ပျံတဲ့ ယူကရိန်းခရီးသယ်တင်လေယာဉ် ပျက်ကြပြီး ခရီးသည်အားလုံးအပြီး အခုလိုသတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တရုတ်၊ စင်ကာပူ၊ မလေးရှား လေကြောင်းလိုင်းတွေနဲ့ သြစတြေးလျရဲ့ ကန်းတက်စ် လေကြောင်းလိုင်းတို့ကလည်း အရှေ့အလယ်ပိုင်းဒေသကို ဖြတ်ကျော်ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေကို လမ်းကြောင်းပြောင်း ပြေးဆွဲဖို့ ပြင်ဆင် သတ်မှတ်ခဲ့ကြပါတယ်။
စင်္ကာပူလေကြောင်းလိုင်း၊ ကာတာလေးကြောင်းလိုင်းနဲ့ UAE လေးကြောင်းလိုင်းတွေလဲ အီရန်နိုင်ငံအပေါ်ကဖြတ်သန်းသွားရမယ့် ခရီးစဉ်တွေဖြတ်သိမ်းလိုက်ပါတယ်။ ဒါကြောင့် စင်္ကာပူလေကြောင်းလိုင်း အပြင် ဥရောပသွားမည့် တခြားလေကြောင်းလိုင်းတွေက အီရန်နိုင်ငံကို ပတ်ပြီးမောင်းသွားရတော့မှာပါ။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရော့ဘ်ကတော့ အီရန်နဲ့ အမေရိကန် စစ်ဖြစ်ရင် အရှေ့အလယ်ပိုင်းတလွှားက စစ်သွေးကြွတွေ အကျိုးအမြတ် ရလိမ့်မယ်လို့ ဇန်နဝါရီ ၇ ရက်မှာ ပြောဆို သတိပေးခဲ့ပါတယ်။
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်