ရန်ကုန်မြို့ရှိ အစိုးရ/ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများမှ ဆေးရုံးသုံးပစ္စည်းစွန့်ပစ်အမှိုက်တန်ချိန် စုစုပေါင်း ၆တန်ခန့် နေ့ စဉ် ထွက် ရှိ နေသော်လည်း ဆေးသွင်းပိုက်၊ ပလတ်စတစ်ဘူးခွံများပါဝင်သည့် စွန့်ပစ်အမှိုက် ၃တန်ခန့်မှာ နေ့စဉ် ပျောက်ဆုံးနေကြောင်း တိုင်းဒေ သကြီး လွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီမှသိရသည်။
စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးအနေဖြင့် ထိန်ပင်စွန့်ပစ်အမှိုက်မီးရှို့စက်ရုံသို့ ယနေ့(ဇန်နဝါရီ၅) သွားရောက်၍ လွှတ်တော်မှခွင့်ပြုပေးခဲ့သည့် ဘတ်ဂျက်ဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာမှ ထိုသို့ ဆေး ရုံ သုံးစွန့်ပစ်ပစ္စည်းများ နေ့စဉ်ပျောက်ဆုံးနေမှုများကို သိရှိလာခဲ့ရခြင်းဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွား ရေး ကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းကပြောသည်။

“ကျွန်မတို့ သွားစစ်တော့ ဆေးရုံက စွန့်ပစ်တယ်ဆိုတဲ့ ပစ္စည်း တွေကလည်း ကျွတ်ကျွတ်အိတ်နဲ့ စွန့်ပစ်တယ်ဆိုတာ တွေ့ရ တယ်။ အဲဒီမှာ မီးရှို့တဲ့ တာဝန်ခံတွေ တွေ့ရတယ်။ သူတို့ကလည်း ရှင်းပြတယ်။ တနေ့၊တနေ့ကို ခရိုင် လေးခု က နေပြီးတော့ ဆေးရုံသုံး ပစ္စည်းဟာ စုစုပေါင်း တန်ချိန်ဟာ ၆တန်လောက် နီးပါး ထွက်ပါတယ် လို့ပြောတယ်။ သို့ သော် လည်း ၃တန်နီးပါး လောက်က ပျောက်နေပြီးတော့ သူတို့ဆီကို စွန့်ပစ်ဖို့လာပြီးတော့ ပို့တာက ၃တန်လောက် ပဲရှိ တယ်ပြောတယ်။ ရောက်လာတဲ့ ၃ တန်လောက်ကလောက်ကလည်း လုံးဝ သုံးလို့မရတော့တဲ့ သွေးစက်လက်နဲ့ ဖြစ်နေတဲ့ ဆေးသွင်းပိုက်တွေ၊ပစ္စည်းတွေပဲ ရောက် လာတာလို့ပြောတယ်။ ဒီအမှိုက်ပုံ(မီးရှို့စက်ရုံ)မှာပျောက် တာမ ဟုတ်ဘူး။သူတို့ဆီကို ရောက်မလာတာ။ အဲဒါကြောင့် သူတို့ဆီ ရောက်လာတဲ့ အမှိုက် ၃တန်လောက်ကိုပဲ သူတို့ မီးရှို့ ရပါတယ်လို့ ပြောတယ်။ ဒီလိုမီးရှို့ဖို့အတွက် ဆီကိုလည်း ၃တန်စာပဲ ပေးပါတယ်လို့ပြောတယ်” ဟု ၎င်းကပြောသည်။


ရန်ကုန်တိုင်းအတွင်းရှိ အစိုးရ/ပုဂ္ဂလိက ဆေးရုံ၊ဆေးပေးခန်းများမှ နေ့စဉ်ထွက်ရှိသည့် စွန့်ပစ်အမှိုက်တန်ချိန် ထက် ဝက်နီးပါး ပျောက်ဆုံးနေသည့်အကြောင်းအရင်းကို မသိရသော်လည်း ယင်းသို့ ပျောက်ဆုံးနေခြင်းမှာ မကောင်း ကြောင်း၊ထို့ကြောင့် ဆေးရုံ၊ဆေးပေးခန်းများတွင် အသုံးပြုပြီးသား ဆေးရုံးသုံးပစ္စည်းများကို စနစ်တ ကျထုပ်ပိုး စွန့် ပစ်ခြင်းရှိမရှိ၊ အညစ်အကြေး အရည်များ စွန့်ပစ်မှုများ စနစ်တကျ စွန့်ထုတ်ခြင်းရှိမရှိ ၊ညွှန်ကြားချက်များကို လုပ်နာ ခြင်း ရှိမရှိကို ကျန်းမာရေးဌာန၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သွားရောက်စစ်ဆေးသင့်သည်ဟုလည်း ဒေါ် စန္ဒာမင်းက အကြုံပြောကြားခဲ့သည်။
ကိုလင်း
Photo-Sandar Min FB