ဗင်နီဇွဲလား President Nicolas Maduro ဟာ နိုင်ငံ့လူ့အရင်းအမြစ်တိုးပွားစေရန်အတွက် အမျိုးသမီးတိုင်း ကလေးခြောက်ယောက်ယူဖို့တိုက်တွန်းလိုက်ပါတယ်။ နိင်ငံရဲ့အမျိုးသမီးကျန်းမာရေး မြှင့်တင်ရေး အစီအစဉ်တစ်ခုမှာ အမျိုးသမီးများကို ကလေးမွေးဖို့ အတန်တန်တိုက်တွန်းနေတာကို တွေ့ခဲ့ရ ပါတယ်။
ယခုလောလောဆယ်မှာတော့ ဗင်နီဇွဲလားနိုင်ငံဟာ အစားအစာနဲ့ ဆေးဝါးပြတ်လတ်မှု ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။ UN ကလေးများဆိုင်ရာ အဖွဲ့ရဲ့လေ့လာ တွေ့ရှိချက်အရ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ အတွင်း ဗင်နီဇွဲလား ကလေး ၁၃ ရာခိုင်နှုန်းဟာ အာဟာရလောက်ငစွာ မရရှိ မစားသုံးခဲ့ရပါဘူး။

လက်ရှိအာဏာရအစိုးရနှင့် အတိုက်အခံပါတီကြား ပြိုင်ဆိုင်မှုတွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့ပြီး တိုင်းပြည်ရဲ့အခြေအနေသာပိုမိုဆိုးရွားလာခဲ့ပါတယ်။ အတိုက်အခံပါတီ ခေါင်းဆောင် Juan Guaido ကို နိုင်ငံပေါင်း ၅၀ လောက်က အသိအမှတ်ပြုကြပေမယ့် စစ်တပ်ကျောထောက်နောက်ခံရရှိနေတဲ့ Maduro သာလျှင် နိုင်ငံတွင်း အာဏာကိုချုပ်ကိုင်ထားတာဖြစ်ပါတယ်။ ထိုအစီအစဉ်ကို တက်ရောက်ခဲ့တဲ့ အမျိုးသမီးတွေကို သူက ” ကလေးခြောက်ယောက်မွေးနိုင်တာ ဘုရားသခင်ကောင်းချီးပေးတယ်လို့ ယူဆပါ” လို့ သူကပြောခဲ့ပါသေးတယ်။ ထိုပွဲဟာ မတ်လ ၈ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရည်ရွယ်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်။
သူရဲ့မိန်းခွန်းနဲ့ပတ်သတ်ပြီး အတိုက်အခံ ပါတီထောက်ခံသူတွေက အပြင်းအထန်ဝေဖန်ကြရုံသာမက တွစ်တာ စာမျက်နှာမှာ “ ဆေးရုံတွေက ဆေးဝါးမလုံလောက်လို့ ကောင်းကောင်းမလည်ပတ်နိုင်ဘူး၊ ကာကွယ်ဆေးတွေမရှိဘူး၊ ကလေးအမေတွေ ကျန်းမာရေးချို့တဲ့နေလို့ နို့မတိုက်ကျွေးနိုင်ဘူး၊ အစားထိုးဖြည့် စွက်စာအတွက် တတ်နိုင်တဲ့သူကရှားတယ်။ ဒါ့အပြင် တိုင်းပြည်က ရွှေ့ပြောင်းနေထိုင်သူအရေးတွေနဲ့ ဗျာများနေရသေးတယ်၊ ဒီလိုအချိန်မှာ ဒီစကားပြောထွက်တာဟာ President Maduro နဲ့နောက်လိုက်တွေ စိတ်မမှန်ကြတော့လို့ ” ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

ဗင်နီဇွဲလား နိုင်ငံသား သုံးယောက်မှာ တစ်ယောက်ဟာ သူ့ရဲ့ ထမင်းစားစားပွဲပေါ်မှာ နေ့စဉ်လိုအပ်တဲ့အာဟာရကိုစားသုံးနိုင်ဖို့ အတော်လေးရုန်းကန်နေရတယ်လို့ UN အဖွဲ့ကဆိုပါတယ်။ စီးပွားရေးအခက်အခဲတွေကြောင့် ၂၀၁၈ ခုနှစ်က မွေးကင်းစ ကလေး ၇၀ ရာနှုန်းလောက် လမ်းမတွေပေါ်မှာ အများသုံး အဆောက်အအုံတွေရှေ့မှာ စွန့်ပစ်ခံကြရပါတယ်။
Writer- ZWP ( The Lifestyle Myanmar )
Source – The Mirror