မန်ချက်စတာယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်နေရာမှာအရန်သင့်အစားထိုးနိုင်ဖို့အတွက် မိုနာကို တိုက်စစ်မှူးစလီမန်နီကို ခေါ်ယူဖို့ ပြင်ဆင်လာပါတယ်။အသက်၃၁နှစ်ရှိ အယ်လ်ဂျီးယားတိုက်စစ်မှူး ဟာ လက်စတာအသင်းမှာ ကစားခဲ့ဖူးပြီး ခြေစွမ်းကောင်းတချို့ပြသနိုင်ခဲ့ဖူးပါတယ်။
နယူးကာဆယ်အသင်းဟာ အင်တာမီလန် ညာတောင်ပံ ကစားသမား လာဇာယိုကို ခေါ်ယူဖို့ သဘောတူညီမူရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ရာသီအကုန်အထိ ပေါင်၂သန်းနီးပါးနဲ့ အငှား ခေါ်ယူ မှာဖြစ်ပြီး ရာသီကုန်မှာတော့ ပေါင်သန်း၂၀ခန့်နဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်လို့ သိရ ပါတယ်။

ချဲလ်ဆီးအသင်းဟာ အခုနှစ်ဇန်နဝါရီမှာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ ရှာဖွေနေပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူးကာဗာနီနဲ့လီယွန်တိုက်စစ်မှူး ဒမ်ဘီလီတို့ကို အဓိက ပစ်မှတ်ထားနေပြီး တိုးတက်မူ တစ်စုံတစ် ရာတော့ မရှိသေးဘူးလို့သိရပါတယ်။ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ကစားသမား ဟောင်းနသန် အကီကိုလည်းပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အဲဗာတန်နည်းပြ အန်စလော့တီဟာ နာပိုလီကွင်းလယ်လူ အလန်ကို ခေါ်ယူဖို့ ချိတ်ဆက် နေပါတယ်။ အလန်မှာ ကွင်းလယ်ကနေ ဘောလုံး လက်ခံမူနဲ့ ပေးပို့မူကောင်းမွန်ပြီး နာပိုလီအသင်းမှာ အတူလက် တွဲခဲ့ဖူးတာကြောင့် နည်းပြအန်စလော့တီက ပြန်လည် ပေါင်းထုတ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးအိုလီဗီယာဂျရူးကိုခေါ်ယူဖို့အတွက် အက်စ်တွန်ဗီလာနဲ့ ဝက်စ်ဟမ်အသင်းတွေ က ချိတ်ဆက်နေပါတယ်။ ဂျရူးဟာ နည်းပြလမ်းပတ်လက်ထက်မှာ တတိယဦးစားပေးတိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရပြီးပွဲထွက်ခွင့်နည်းပါးနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထား သူဖြစ်ပါတယ်။

ဟူးလ်စီးတီးတောင်ပံတိုက်စစ်ကစားသမား ဘော်ဝင်ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် အသင်း ၄သင်းလောက် အပြိုင်ဖြစ်နေပါတယ်။ချန်ပီယံရှစ်မှာ ၁၆ဂိုးသွင်းယူထားတဲ့ အသက်၂၃နှစ်ရှိ အင်္ဂလန် ကစားသမား ဘော်ဝင် ကို နယူးကာဆယ်၊နောဝှစ်ချ်၊ဘုန်းမောက်၊ လက်စတာအသင်း တွေက အပြိုင်ကမ်းလှမ်းသွားဖို့ရှိနေ ပါတယ်။

Jack ( Sports Reader )