အကယ်လို့ Coronavirus ဟာ အမေရိကန်တစ်နိုင်ငံလုံးကို ကူးစက်ခဲ့မယ်ဆိုရင် ဘယ်နှဦးထိကူးစက်ခံရမယ်ဆိုတာ အတိအကျ သိရှိနိုင်ဖို့ခက်ခဲမယ့်အပြင် အမေရိကန်မြေပေါ်မှာနေထိုင်သူတော်တော်များများဟာ ဆေးခန်းလာပြကြမှမဟုတ်ပါဘူး။

အကြောင်းကတော့ အမေရိကန်နိုင်ငံအတွင်းတရားမဝင် နေထိုင် သူ စာရင်းပျောက်နေသူ အရေအတွက်ဟာ အလွန်များပြားလို့ပါလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ Sebastian ဆိုသူ အမျိုးသားတစ်ယောက်က သူ့လက်ကို မကြာခဏဆေးလွန်းလို့ ပဲကြီးစေ့တက်သလိုတောင်ဖြစ်နေပါပြီ။ သူက ” ကျွန်တော်လက်ကို မကြာခဏဆေးနေမိတယ် ။ ရောဂါကူးစက်ခံရမှာ အရမ်းကြောက်တယ်။ တကယ်လို့ ကူးစက်ခံရရင် ကျွန်တော်ဆရာဝန်ဆီသွားမှာမဟုတ်ပါဘူး။” လို့ပြောပါတယ်။
ဒါတောင် Sebastian သုံးနှစ်သားအရွယ်ကတည်းက သူ့မိဘတွေက Mexico နယ်စပ်ကနေ အမေရိကန်နိုင်ငံတွင်းခေါ်ဆောင်လာခဲ့တာပါ။ သူဟာ အမေရိကန်နိုင်ငံတွင်းနေထိုင်တဲ့ စာရင်းပျောက်နိုင်ငံသား အယောက် ၁၁ သန်းလောက်ထဲက တစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်မှာ စာရင်းပျောက်သူ ၊ နိုင်ငံသား မဟုတ်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုမရှိပါဘူး။ President Obama လက်ထပ် ကျန်းမာရေးစောင့်ရှောက်မှုတွေတိုးမြှင့်ခဲ့တာတောင် သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု မရှိခဲ့ပါဘူး။ ” ကျွန်တော်ဖျားတိုင်း အမေကအိမ်မှာပဲကုပေးပါတယ်။ ဘယ်တော့မှ ဆရာဝန်ဆီမသွားခဲ့ပါဘူး။ ကျွန်တော် အဖျားတွေတက်ပြီး ကျောင်းတွေပျက်တာ မှတ်မိသေးတယ်” လို့လည်းသူက ပြောပါတယ်။
“ရောဂါအမေရိကန် ကိုစတင်ကူးစက်တဲ့နေ့ကတည်းက အမေနဲ့ကျွန်တော်တို့ ဆေးခန်းသွားဆေးစစ်ဖို့လုံးဝမစဉ်းစားမိပါဘူး။ ဆေးခန်းသွားပြလို့ စာရွက်စာတမ်းပြခိုင်းရင် သေချာပါတယ်။ ကျွန်တော့်ကို နိုင်ငံကမောင်းထုတ်မှာပါ။ ကျွန်တော်တို့ မိသားစု ဒုစရိုက်မှုမကျူးလွန်ပါဘူး။ သို့ပေမယ့် စာရင်းမရှိနေထိုင် ရတာဟာ ကျွန်တော်တို့အတွက် ဆရာဝန်ဆီမသွားနိုင်အောင် ဖိအားပေးနေပါတယ်။” လို့လည်း သူကပြောပါတယ်။

တကယ်တော့ စာဖတ်သူတွေသိထားတဲ့အတိုင်း အမေရိကန် ဆေးကုသစရိတ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုမရဘူးဆို တရားဝင်နေထိုင်တဲ့သူအတွက်တောင် ဆေးကုသစရိတ်က အခက်အခဲဖြစ်စေပါတယ်။ President Trump လက်ထပ်မှာ ကျန်းမာရေးအာမခံမရသူ ၂၇ သန်းအထိတိုးလာခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုမရသူတစ်ယောက် ဆေးခန်းသွားပြလို့ကတော့ အနည်းဆုံး ဒေါ်လာရာဂဏန်းပါပဲ။ ဒါ့အပြင် ကျန်းမာရေး အာမခံအမျိုးမျိုးကွဲနေပါသေးတယ်။ အခြေခံ ကျန်းမာရေးအာမခံရထားသူတွေဟာ မရသူတွေနဲ့ သိပ်မကွာလှပါဘူး။
ဒါကို အလုပ်က ပေးတဲ့ အခြေခံကျန်းမာရေးအာမခံသာရရှိထားတဲ့ Lisa Rubio က “ တုတ်ကွေးရာသီမှာ ကျွန်မသားလေးဖျားနာလို့ ဆရာဝန်တစ်ခါသွားပြတိုင်း ဒေါ်လာ ၁၀၀ နီးပါးပေးရပါတယ်။ ဒါ့အပြင် အဲ့ဒီဒေါ်လာတစ်ရာက ကျွန်မ နှာစေးချောင်းဆိုးလို့သွားပြရင် သာမန်ပါပဲဆိုတဲ့ ဆရာဝန်စကားတစ်ခွန်းနဲ့တင် ကုန်သွားမှာပါ။ ဒေါ်လာတစ်ရာက ကျွန်မ ကလေးအတွက် လိုအပ်တာလေးတွေဝယ်လို့ရပါတယ် ” လို့သူမကရင်ဖွင့်ပါတယ်။ ဒါ့အပြင် အမေရိကန်အလုပ်သမားတွေအတွက် ဖျားနာခွင့်ဟာ အလုပ်ချိန်ထဲထည့်မတွက်တဲ့အတွက် အဲ့ဒီရက်တွေအတွက် ပိုက်ဆံမရပါဘူး။
အမေရိကန်မှာ ထိုအဖြစ်ဆိုးတွေက ရုန်းထွက်ဖို့ အခမဲ့ဆေးပေးခန်းအနည်းငယ်ရှိပါတယ်။ တစ်ပတ်ကို ဆေးဖိုးဝါးခ မတတ်နိုင်သူ အယောက်ငါးဆယ်လောက်လာတယ်လို့ ၎င်းလုပ်ငန်းတည်ထောင်သူ Dr Shah ကပြောပါတယ်။ သို့ပေမယ့် ဒီအကူအညီလေးဟာ ပင်လယ်ထဲရေလေးတစ်စက်ကျသလိုပါပဲ။ ဘယ်လိုမှမထိရောက်ပါဘူး။ ဒီဖြစ်စဉ်ဟာ Coronavirus မှမဟုတ်ပါဘူး။ HIVလိုရောဂါသည်တွေလည်းဒီလိုပါပဲ။ ဆိုးတာက Coronavirus က ကူးစက်မြန်တာပါ။
အကယ်လို့ ရောဂါသာ တစ်နိုင်ငံလုံးပျံ့ခဲ့ရင် တကယ်ကူးစက်သူအရေအတွက်ကို ဘယ်လိုမှမသိနိုင်တဲ့အပြင် ဆေးခန်းကိုမလာရောက်သူလည်းရှိမှာဖြစ်တဲ့အတွက် ကူးစက်မှုကို ထိန်းချုပ်ဖို့တကယ်ခက်ခဲမှာပါ။
Writer- ZWP
Source – BBC