Melissa ဆိုသူ ၎င်းအမျိုးသမီးကတော့ သူမဟာ မတရားစွပ်စွဲခံရတာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားခံရရုံသာမက လူမှုကွန်ရက်အသုံးပြုကာ အနိုင်ကျင့်ခံနေရတာပါလို့ ပြန်လည်တုံ့ပြန်ပါတယ်။
သူမကို လိင်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီးအရှက်ခွဲဖို့ကြံစည်တဲ့ ချစ်သူဟောင်းကို ရိုင်းဆိုင်းတဲ့ စကားနဲ့တုံ့ပြန်ပြော ဆိုခဲ့သည် ဆိုကာ UAE အာဏာပိုင်တွေက ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံရမယ့်အရေးကို ရင်ဆိုင်နေရတာပါ။ သူမဟာ ဟောလိဝုဒ်မင်းသား Rob Lowe , အဆိုတော် John Denver နဲ့ ဟာသသရုပ်ဆောင် Joan Rivers တို့ရဲ့ လက်ထောက်အဖြစ်လဲ လုပ်ကိုင်ခဲ့ဖူးတာ ဖြစ်ပီး Abu Dhabi မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က အဖမ်းခံခဲ့ရတာပါ။

သူမထံကို လိင်ပိုင်းဆိုင်ရာ ဗီဒီယိုဖိုင်တွေ နဲ့လိင်ပိုင်းဆိုင်ရာ စကားလုံးတွေ ပို့နေတဲ့ ချစ်သူဟောင်းကို အင်တာနက် ပေါ်မှာ ကြမ်းတမ်းစွာပြန်လည်တုံ့ပြန်ခဲ့လို့ဆိုပြီး UAE နိုင်ငံရဲ့ အင်တာနက် ဥပဒေနဲ့ ဖမ်းဆီးခဲ့တာပါ။ အသက် ၅၇ ခုနှစ်အရွယ် ကလေးတစ်ယောက်မိခင် သူမဟာ ချစ်သူဟောင်းထံမှ ယခု လို စော်ကားမှုတွေ ပြုလုပ်ခံနေရတာ နှစ်နှစ်နီးပါးရှိပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်သူ သူမဟာ တရားရုံးကအမိန့်မချခင် သုံးလလောက်ထိန်းသိမ်းခံထားရမှာဖြစ်ကာ ထောင်ဒဏ်နှစ်နှစ်လောက် ကျခံရဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပြီး ခရီးသွားစာရွက်စာတမ်းတွေလည်း အသိမ်းခံထားရပါတယ။်

UAE နိုင်ငံမှာ အမျိုးသမီးများကို သနားညှာတာမှုနည်းပြီး မိမိကိုယ်ကို ကာကွယ်မိတဲ့ အမျိုးသမီးကိုတောင် ထောင်ပြန်ချတဲ့ ရာဇဝင်တွေရှိတယ်လို့ သိရပါတယ်။ သူမရဲ့ အဓိက အပြစ်ကတော့ အင်တာနက်မှာ ကြမ်းတမ်းတဲ့စကားကို အသုံးပြုမိလို့ပါ။ ဒီဥပဒေနဲ့ ပတ်သတ်ပြီး ဆန့်ကျင်သူတွေရှိပေမယ့် ပြင်ဆင် နိုင်ခြင်းမရှိသေးပါဘူး။ သူမအနေနဲ့လည်း တရားမျှတမှုကို မျှော်လင့်နေတယ်လို့ ပြောပါတယ်။ သူမ ဟာ UAE နိုင်ငံတွင် အနှစ် ၂၀ လောက်နေထိုင်သူ အီဂျစ် နိုင်ငံသားတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့မိတာပါ။ အစပိုင်းမှာတော့ ပျော်ရွှင်စရာအတိဖြစ်ခဲ့ပြီး လက်တွဲဖြုတ်ခဲ့ပြီးနောက်မှာတော့ သူမအတွက် ဆိုးကျိုးတွေချည်းဖြစ်ပေါ်ခဲ့တာပါ။

အမေရိကန်သံရုံးကလည်းသူမကို အမျိုးသားအပေါ် ထိခိုက်စွာ ပြောဆိုမှုကြောင့် အဖမ်းခံရတာဖြစ်တယ်ဆိုပြီး အထောက်အပံ့မပေးဘူးလို့လည်း သူမက ပြောပါတယ်။ သူမအနေနဲ့ အဲ့ဒီရည်ရွယ်ချက်မရှိဘူးလို့ ပြန်လည်ချေပပါတယ်။ သူမဟာ ရည်စားဟောင်းရဲ့ အမျိုးသမီးကို မြင်းမ စသည့် ကြမ်းတမ်းတဲ့စကား တွေသုံးနှုန်းခဲ့တာလည်းတွေ့ခဲ့ရပါတယ်။

Writer – ZWP ( The Lifestyle Myanmar )
Source: Mirror