လှိုင်သာယာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သန်လျင်မြို့နယ်တို့မှာ ကျပ် ၆၆ သိန်းကျော်ကနေ ကျပ်သိန်း ၆၀၀ အထိ တန်ဖိုးနည်း၊တန်ဖိုးသင့် အခန်းတွေကို ရောင်းချပေးတော့မယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။
လှိုင်သာယာမြို့နယ် ရွှေလင်ပန်း အပိုင်း (၂) နဲ့ အပိုင်း (၃) ၊ ကျန်စစ်မင်းအိမ်ရာ၊ ထီးလှိုင်ရှင် အိမ်ရာ၊ ရွှေလင်ပန်း Commerical Area၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ယုဇနအပိုင်း (၁) (၂)၊ ကနောင်၊ ရိုးမ အိမ်ရာ၊ သန်လျင်မြို့နယ် သီလဝါ အိမ်ရာ စီမံကိန်းတွေကို ရောင်းချပေးမယ်လို့ ကြေညာထားတာပါ။

အိမ်ခန်းဝယ်ယူလိုခွင့်ရှိသူတွေဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ CHID ဘဏ်မှာ အိမ်ရာ စုဆောင်းငွေ စာရင်းဖွင့်လှစ်ထားရှိပြီး စုဆောင်းငွေ အနည်းဆုံး သိန်း (၃၀) ရှိရမယ်လို့ ကြေညာထားတာပါ။

ဝယ်ယူလိုပါက ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ အတွင်း ဘဏ်စာအုပ်မူရင်း၊ မိတ္တုယူဆောင်ကာ အမှတ် (၂၂၈/၂၃၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်မှာ အိမ်ခန်းဝယ်ယူလိုကြောင်း အမည်စာရင်းလာရောက်ပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

အမည်စာရင်းပေးသွင်းသူတွေကို အခန်းအရေအတွက်ပေါ်မူတည်ပြီး CHID ဘဏ်ရဲ့ Down Payment Seniority အလိုက် အမည်စာရင်းတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထပ်မံ အသိပေးကြေငြာမှာဖြစ်ပြီး ဇန်နဝါရီလ ၃၀ နဲ့ ၃၁ ရက်တွေမှာ မဲနှိုက်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ရောင်းချမယ့် အိမ်ရာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး စီမံကိန်းအချက်အလက်တွေကို CHID Facebook Page နဲ့ DUHD Sale Housing Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်း သိရပါတယ်။
Source: CHID