အောင်မင်္ဂလာအဝေးပြေးသို့ ကိစ္စတစ်ခုဖြင့် အသွား မင်္ဂလာဒုံမြို့နယ် မီးရထားသံလမ်းအကျော်ခရေပင်လမ်းမကြီး၏ ညာဘက်ဘေးတွင် အဌားကား တစ်စီး လမ်းဘေးမြောင်းထဲသို့ ထိုးကျနေသည်ကိုတွေ့ရသောအခါ သတင်းသမားပီပီ မနေသာဘဲသတင်းစုံစမ်းမှတ်တမ်းရယူခဲ့သည်။

၉.၃.၂၀၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က YGN DD-5237 Honda Fit အဌား Taxi ယာဥ်သည် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းအတိုင်း ခရေပင်လမ်းခွဲဘက်မှ ၃လမ်းဆုံဘက်သိူ့ မောင်းလာစဥ် ယာဥ်ပေါ်ပါ ခရီးသည် ၄ ဦးမှ ယာဥ်မောင်းအား ဓားထောက်လုယက်ရာ ရုံးရင်းဆန်ခတ်ဖြစ်ပြီး ယာဥ်မောင်းဖြစ်သူမှာ လည်ပင်းနှစ်ဖက်တွင် ပြတ်ရှဒဏ်ရာများရရှိ၍ ကားမှာ ယာဘက်လမ်းဘေးသို့ ထိုးကျသွားခဲ့ပြီး လုယက်သူ ၄ဥိးမှာလမ်းဘေး ကျူတောထဲမှတဆင့် ထွက်ပြေးသွားကြောင်း အခင်းဖြစ်နေရာဝန်းကျင်မှ မျက်မြင်တွေ့ရှိသူများမှ ပြောသည်။
ကားက လမ်းဘေးထိုးကျသွားတော့ ကားမှောက်ပြီဆိုပြီး လူတွေက ပြေးလာကြတာအဲ့ဒီမှာ လူတစ်ယောက်က ကားထဲက ထွက်ပြီး ပြေးသွားတယ်။ အကျီမပါဘူး သူ့နောက်ကမှ နောက်သုံးဦး ထွက်လာပြီး အေးဆေးလမ်းလျှောက်သေးတယ်။ ပြီးမှပြေးသွားကြတာ အဲ့ဒီထဲမှာ တစ်ယောက်က နှာခေါင်းစီး တပ်ထားသည်ဟု မျက်မြင်တွေ့ရှိသူ ကိုအောင်သူ မှပြောသည်။

လည်ပင်းဓားဒဏ်ရာ ရရှိသွားသော အသက် (၅၀)ဝန်းကျင် အဌားယာဥ်မောင်းဖြစ်သူကို မင်္ဂလာဒုံမြို့နယ် ရတနာသားကောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပမေဓာဝီဆေးရုံသို့ တင်ပို့ကုသလျှက်ရှိသည်။
အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာပြီးသတင်းမှတ်တမ်းများရယူကာ လုယက်မှုကျူးလွန်ထွက်ပြေးသူများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက်လိုက်လံစုံစမ်းလျှက်ရှိသည်။
Update
နေ့လည် ၁နာရီခွဲ အချိန်ခန့်က ပြစ်မှုကျူးလွန်သူ ၄ ဦးကို ရဲတပ်ဖွဲ့မှရှာဖွေဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Source: ကိုကိုခိုင်( ရွှေပြည်သာ)